Thursday, November 16, 2017

Xiaomi Mi 5S ဟာ တရုတ်နိုင်ငံမှာ ရောင်းချဖို့အတွက် ထောက်ခံချက် ရရှိသွားခဲ့ပြီ ဖြစ်ပါတယ် Xiaomi Mi 5S ကို တရုတ်နိုင်ငံမှာ ရောင်းချဖို့အတွက် Chinese 3C ရဲ့ ထောက်ခံချက်ရရှိသွားခဲ့တာ ဖြစ်ပြီး TENNA ရဲ့ ခွင့်ပြု ချက်ရရှိရင် စတင်ရောင်းချနိုင်တော့မှာ ဖြစ်ပါတယ်။
Xiaomi Mi 5S က မျက်နှာပြင် ၅.၁၅ လက်မရှိပြီး QHD ရုပ်ထွက်နဲ့ ထောက်ပံ့လာမှာ ဖြစ်ပါတယ်။
Xiaomi ဟာ Mi 5S မှာ Snapdragon 821 SoC နှင့် အထိုင်ချလာမှာ ဖြစ်ပြီး RAM6GB, Adreno 530 GPU အသုံးပြုလာမှာ ဖြစ်ပါတယ်။
ကျောဘက်မှာ ကျောဘက်ကင်မရာ 16MP ပါဝင်လာမှာ ဖြစ်ပါတယ်။ 4-axis OIS စနစ်ပါဝင်လာမှာ ဖြစ်ပြီး ဗီဒီယိုရိုက်ကူးမှုကို 4K နှင့် ပြုလုပ်လာနိုင်ပါမယ်။ ဒါ့အပြင် Phase Detection Auto Focus စနစ်ပါဝင်လာမှာ ဖြစ်ပြီး တိုးချဲ့နိုင်တဲ့ 256 MB ပါဝင်လာပါမယ်။
ဒါ့အပြင် Xiaomi Mi 5S မှာ Blue-tooth 4.2, USB Type-C, NFC နှင့် WiFi 802.11 ac လောက်ပဲ သိပါတယ်။ ဒီဖုန်ဲး့ ပတ်သက်ပြီး ထွက်ပေါ်လာတဲ့ ကောလာဟလသတင်းတွေအရ ၁၄၇ ဂရမ်လေးပါတယ်။ ဖုန်းရဲ့အတိုင်း အတာက 144.55×69.2x7.25 mm ရှိပါတယ်။ ဘက်ထရီပမာဏက 3490mAh ပါဝင်ပါမယ်။

Xiaomi Mi 5S ဟာ တရုတ်နိုင်ငံမှာ ရောင်းချဖို့အတွက် ထောက်ခံချက် ရရှိသွားခဲ့ပြီ ဖြစ်ပါတယ် Xiaomi Mi 5S ကို တရုတ်နိုင်ငံမှာ ရောင်းချဖို့အတွက် ...