Redmi Note တွေမှာ IMEI ပျောက်သွားလို့ရှင်းနည်းလေးပါ။
ဒီနည်းလမ်းလေးက IMEI ပျောက်သွားတဲ့ ဖုန်းတွေမှာမှမဟုတ်
ပါဘူး IMEI နံပါတ် မကြိုက်လို့ ပြောင်းချင်တဲ့ဖုန်းတွေမှာလဲ
အသုံးပြုနိုင်တာကိုလည်း တွေ့ရပါတယ်။
===========================================
၁။ ဖုန်းရဲ့ Dial Pad လေးကို ဖွင့်ပြီး *#*#3646633#*#* လို့ရိုက်ပါမယ်။ EnginnerMode ပေါ်လာတဲ့အခါ Connectivity Tab ကို သွားပါ။ အဲဒီကတစ်ဆင့် CDS Information ကို ၀င်ပါမယ်။ အဲဒီကမှတဆင့် Radio Information ကို ၀င်ပါ။
၂။ IMEI နှစ်ခုလုံးပျောက်နေမယ်ဆိုရင် အဆင့်နှစ်ဆင့် လုပ်ရပါမယ်။ တစ်ခုတည်း ပျောက်နေရင်တော့ တစ်ဆင့်တည်းပြီးတာပေါ့။
၃။ SIM 1 IMEI ကိုထည့်ဖို့ Phone 1 ကို နှိပ်ပါ။
၎။ Radio Information ဆိုတဲ့ Box ပေါ်လာတဲ့အခါမှာ AT+ ဆိုတဲ့နေရာမှာ အောက်မှာပြထားတဲ့ စာသားအတိုင်းရိုက်ထည့်ပေးရပါမယ်။
AT +EGMR= 1,7,"imei_no"
၅။ Info. AT Command is sent OK လို့ပေါ်လာရင်တော့ အဆင်ပြေသွားပြီ ဖြစ်ပါတယ်။
၆။ SIM နောက်တစ်ကတ်လည်း IMEI ပျောက်နေတယ်ဆိုရင်တော့ Back ခလုတ်နဲ့ ပြန်ထွက်ပြီးတော့ Phone 2 ကို ထပ်ရွေးပါမယ်။
၇။ Radio Information ဆိုတဲ့ Box ထပ်ပေါ်လာရင်တော့ အောက်က ပုံစံအတိုင်း ထပ်ရိုက်ပေးရပါမယ်။ လုံးဝလွဲလို့မရပါဘူး။
AT +EGMR= 1,10,"imei_no"
ပြီးရင်တော့ SEND AT COMMAND ခလုတ်လေးကို ထပ်နှိပ်ပေးလိုက်ပါ။
Info. AT Command is sent OK ပေါ်လာရင် အဆင်ပြေပါပြီ။
၈။ နောက်ဆုံးအနေနဲ့ ဖုန်းကို Reboot လုပ်ပေးလိုက်ရုံပဲဖြစ်ပါတယ်။ ဖုန်းပြန် တက်လာတာနဲ့ IMEI နံပါတ် ပြန်ပေါ်လာတာကို တွေ့ရပါလိမ့်မယ်။
*#*#3646633*#*#ကိုရိုက်ရင်ဘာမှမတတ်လာဘူးဆရာ
ReplyDelete